ဒီကောင်လေးကတော့ ရှယ်မိုက်တယ်။ ကျွန်တော် အရင်တုန်းက laptop - phone (device -device) file တွေပြောင်းဖို့ဆိုရင် usb cable တွေသုံးတယ်။ cable မရှိလို့ file size သေးရင် messenger ကနေပို့တယ်။ file size ကြီးရင်တော့ drive ပေါ်တင်ရတယ်။ တော်တော်တော့ အလုပ်ရှုပ်တယ်။ fri တစ်ယောက်ပြောလို့ စမ်းသုံးကြည့်တာပါ။ zapya လိုပုံစံပါပဲ။
ဒိီကနေ သွားစမ်းကြည့်ပါ file အများဆုံးတော့ 20 MB လေက်ပဲ transfer လုပ်ဖူးတယ်။ တော်တော်လေး အဆင်ပြေပါတယ်။
တချို့ photo တွေက transparent ဖြစ်ဖို့ လိုတာတွေရှိပါတယ်။ background remove ဖို့ဆို pics art တို့ လို mobile app တွေနဲ့ ပြင်ရတာတွေရှိပါတယ်။ ဒါတောင် သိပ်မတိကျပါဘူး။
Remove bg ကို စမ်းကြည့်ပါ။ API လဲ ပေးထားတဲ့ အတွက် developer တွေလဲ စမ်းကြည့်လို့ရပါတယ်။
ဒါကတော့ သိထားကျတဲ့ လူတွေလဲ ရှိမှာပါ။ non designer တွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။ free ပေးထားတဲ့ ဟာတွေရှိသလို pricing နဲ့သွားတာတွေလဲရှိပါတယ်။ free ပေးထားတာတွေတောင် တော်တော် အဆင်ပြေနေပါပြီ။
ဒါကတော့တော်တော်များများသိပါလိမ့်မယ်။ uni - zawgyi ပြောင်းတာမှာ တော်တော်လေး အဆင်ပြေပါတယ်။ ဒါလေးကတော့ rabbit js ကို သုံးပြီး ရေးထားတာလေးပါ (ကြော်ငြာ 🤗)
Rabbit Converter Vue
ဒီကောင်လေးတွေတော့ နေ့တိုင်းသုံးဖြစ်ပါတယ်။ ကိုယ်တိုင်သုံးနေတာလေး တွေပါ စာဖတ်သူတို့ သုံးနေတာလေးတွေ share ချင်ရင် ဒီကနေ ဝင်ရေးနိုင်ပါတယ် ကျေးဇူးပါ