Javascript ကို ဘယ်လို လေ့လာမလဲ

Dec 26,2019

Share

JavaScript ကို ဘယ်လိုလေ့လာရမလဲ။



◾JavaScript ကို လေ့လာဖို့ အတွက် ဒီ အချက် (၃) ချက်ကို အရင်သိထားဖို့လိုပါတယ်။


1. JavaScript နဲ့ပတ်သက်ပြီး ဘယ်အဆင့်ထိ လေ့လာပြီးသလဲ။ သင်က JavaScript ကိုအခုမှစပြီး လေ့လာမယ့်သူလား၊ Tutorial ထဲမှာပါတဲ့ code တွေ ရေးနိုင်ပြီး နားလည်နိုင်တဲ့ အဆင့်လား၊ ဒါမှမဟုတ် JavaScript နဲ့ Website တစ်ခုလုံးကို အစအဆုံး ရေးဖို့လေ့လာနေတဲ့ အဆင့်လား။ သင်လေ့လာနေတဲ့အပိုင်းက ဘယ်အဆင့်ကိုရောက်နေလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဒါပေမယ့် သင် ဘယ်အဆင့်ကိုရောက်နေလဲဆိုတာကို သိရုံနဲ့ မပြီးသေးပါဘူး။ သင့်မှာ ရှေ့ဆက်ပြီး လေ့လာရမယ့် roadmap (လမ်းပြမြေပုံ) မရှိရင် ဒီအဆင့်မှာပဲ ရပ်တန့်နေမှာပါ။

2. JavaScript ကို ဘယ်အဆင့်ထိ လေ့လာရမလဲ။ လူတော်တော်များများက JavaScript ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့လေ့လာကြပါတယ်။ဥပမာ သင်က interactive ဖြစ်တဲ့ website မျိုးတည်ဆောက်ချင်တာလား။ တစ်ကယ်လို့ သင်က interactive ဖြစ်တဲ့ website လောက်ပဲ တည်ဆောင်ချင်တာဆိုပါစို့။ ဒါဆို သင့်အနေနဲ့ လေ့လာရမှာက web app တစ်ခုလုံးတည်ဆောက်နိုင်တဲ့အထိ လေ့လာစရာမလိုပါဘူး။ နောက်တစ်ခုက အလုပ်ရဖို့ လိုအပ်တဲ့အထိပဲ မလေ့လာပါနဲ့။

  1. အပေါ် ၂ဆင့်ကို ဖြတ်သန်းဖို့အတွက် နည်းလမ်းရှိပါသလား။

JavaScript ကိုလေ့လာဖို့ဆိုပြီး ကျွန်တော်တို့ကိုယ်ပိုင် learning map ( roadmap ) တစ်ခုရေးဆွဲလိုက်တယ်ဆိုပါစို့။ ကိုယ်ဖန်တီးလိုက်တဲ့ roadmap မှာ အကွေ့အကောက်များတဲ့ လမ်းကြောင်းတွေလည်းပါမယ်။ ဆိုးတာက ကျွန်တော်တို့က မျဉ်းဖြောင့်အတိုင်းလေ့လာနေတာလား၊ အကွေ့အတိုင်းလေ့လာနေရတာလားဆိုတာ မသိရပါဘူး။ အခုလိုအချိန်မျိုးမှာ ကိုယ့်ကိုလမ်းပြပေးမယ့် mentor တစ်ယောက်လိုအပ်ပါတယ်၊ တကယ်လို့ ကိုယ့်အတွက် mentor တစ်ယောက်မရှိဘူးဆိုရင် လည်းအဆင်ပြေပါတယ်။ ဒီအောက်က အချက်တွေက ကျွန်တော်ရှာဖွေထားတဲ့ Straight path for leanring JavaScript roadmap တစ်ခုပါ။

◾ JavaScript ကိုလေ့လာဖို့ လိုအပ်သော အဆင့် ၄ဆင့် JavaScript ကိုလေ့လာတယ်ဆိုတာက လူတစ်ယောက် ကြီးထွားလာပုံနဲ့တူပါတယ်။

  1. The Baby Phase
  2. The Child Phase
  3. The Teenage Phase
  4. The Adult Phase



▪️ The Baby Phase JavaScript ကို အခုမှစလေ့လာတာဆိုရင်တော့ သင်က Baby Phase ထဲမှာပါ။ JS နဲ့ပတ်သက်ပြီး မလေ့လာဖူးသလို Syntax တွေကလည်း အသစ်တွေဖြစ်နေပါလိမ့်မယ်။ ဒီအဆင့်မှာက JavaScript ရဲ့ Syntax တွေကိုအဓိကထားပြီး လေ့လာရမှာပါ။ JavaScript ရဲ့ Objects, arrays, functions စတာတွေကို စလေ့လာသင့်တယ့်အပိုင်းပါ။



▪️ The Child Phase ဒီအဆင့်မှာဆိုရင်တော့ သင့်အနေနဲ့ JavaScript အခြေခံ Syntax တွေနဲ့ ရင်းနှီးကျွမ်း၀င်နေပါပြီ။ ဒါပေမယ့် JavaScript နဲ့ အစကနေ အဆုံးထိ feature တစ်ခုကို မရေးတက်သေးပါဘူး။ တစ်ခါတစ်ရံ အကူအညီလိုလေ့ရှိတယ်။ JavaScript နဲ့ကိုယ်ရေးချင်တဲ့အပိုင်းလေးတွေ စမ်းရေးကြည့်မယ်။ code က အလုပ်မလုပ်တဲ့အခါ error တက်မယ်။ Google ခေါက်မယ်။ Code တွေကို Copy-Paste လုပ်ပြီးကူးယူစမ်းသပ်မယ်။ အဲ့အချိန်မှာတော့ JavaScript နဲ့ပတ်သက်ပြီး ကိုယ့်ကိုကို confidence မရှိသေးပါဘူး။ Document Object Model (DOM) ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်သလဲ။ DOM manipulation လုပ်ပြီး website တစ်ခုမရေးတက်သေးတဲ့အဆင့်ပါ။ ဒီအဆင့်မှာ ဘာကို အဓိကထားလေ့လာရမှာလဲဆိုတော့ DOM တွေအကြောင်းလေ့လာရမယ်။ web page ပေါ်မှာ ရှိတဲ့ Elements တွေကို DOM API ကနေတစ်ဆင့် select လုပ်မယ်၊ Todo App မှာထည့်မဲ့ data တွေကို DOM ကတစ်ဆင့် adding, removing လုပ်ကြည့်မယ်။ event listener တွေ ထည့်မယ်၊ ဖြုတ်မယ်။ HTML element တွေရဲ့ attribute တွေချိန်းမယ်၊ style တွေ class တွေချိန်းမယ် စသဖြင့်ပေါ့။ အဲ့အချိန်မှာ Project လေးတွေစပြီးရေးကြည့်မယ်။ ဥပမာ button ကိုနှိပ်တဲ့အခါ menu ကျလာတာလေးတို့ စသဖြင့်ပေါ့။ အစပိုင်းမှာတော့ Copy-paste လုပ်ပြီးရေးတာအဆင်ပြေမယ်။ ဒါပေမယ့် JavaScript နဲ့ အစအဆုံးရေးနိုင်တဲ့အထိ လေ့လာရပါမယ်။



▪️ The Teenage Phase ဒီအဆင့်မှာဆို သင်ဟာ JavaScript နဲ့ပတ်သက်ပြီး အတွေ့အကြုံ နည်းနည်းရှိမယ်၊ project လေးတွေလည်းစမ်းရေးဖူးနေပြီ။ JavaScript နဲ့လည်း component လေးတွေ တည်ဆောက်လာနိုင်ပြီ။ ဒါပေမယ့် ကိုယ်ရေးခဲ့တဲ့ code တွေက ပွနေမယ်၊ file တွေများနေမယ်။ အစီအစဉ်မကျတွေဖြစ်နေမယ်။ အဲ့အဆင့်ကတော့ best pratice ကိုလေ့ကျင့်ရမယ့်အချိန်ရောက်ပါပြီ။ အနည်းဆုံးတော့ ကျွန်တော်တို့ရေးထားတဲ့ကောင်တွေက အလုပ်လုပ်လာပြီပဲ။ 😁 နောက်အဆင့်ကကျတော့ Best Pratices ရဖို့အတွက် စာအုပ်တွေ professional တွေဆီက လေ့လာရတော့မယ်။ ( အောက်မှာ Javascript ကိုလေ့လာနိုင်မယ့် pdf တွေ list လုပ် ပေးထားပါတယ်။ ကျွန်တော် mail ကနေပို့ပေးပါ့မယ် ) လေ့လာနေတဲ့အချိန် အပြည့်အ၀ အားစိုက်ပါ။ Code design တွေသိလာပြီဆိုရင် အရင်က ဆောက်ခဲ့တဲ့ project တွေကို rebuilt ပြန်လုပ်ပါ။ ပြီးတော့ Object Oriented Programming(OOP) နဲ့ Functional Programming (FP) စ‌တာတွေကိုလေ့လာရပါ့မယ်။ ES6 မှာပါတဲ့ features တွေဖြစ်တဲ့ Modules, Classes, Promise, Destructuring, Rest & Sperate operator, etc စတာတွေလေ့လာပါ။ Github တို့ Twitter တိုကနေ API တွေသုံးပြီး client-side app တွေဆောက်ကြည့်ပါ။



▪️ The Adult Phase နောက်ဆုံး ဒီအဆင့်မှာတော့ သင်ဟာ JavaScript နဲ့ပတ်သက်ပြီး အတော်အတန်သိထား လေ့လာပြီးနေပါပြီ။ JavaScript နဲ့ ကြိုက်တဲ့ component ကို ကျွမ်းကျွမ်းကျင်ကျင်တည်ဆောက်နိုင်တဲ့အထိ လေ့လာပြီးပြီ။ ကိုယ်ရေးတဲ့ code တွေနဲ့လည်းပတ်သက်ပြီး ယုံကြည်ချက်ရှိလာပြီ။ Best Pratices တွေလေ့လာပြီး အကုန်လုံးကို project ထဲမှာ အသုံးပြုခဲ့ပြီးပြီ။ တကယ့်လက်တွေ့မှာ Vanilla JS (pure) တစ်ခုတည်းနဲ့အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် ဒီအချက်တွေထဲက တစ်ချက်ကိုရွေးချယ်ပြီး ရှေ့ဆက်လေ့လာဖိုပဲရှိပါတော့တယ်။



▪️ frontend frameworks (like Angular, Vue or React)

▪️ node ကို လေ့လာပြီ backend ရေးမလား

▪️ JavaScript ကိုပဲ ဒီထက်ပိုပြီး much deeper ဆက်လေ့လာသွားမလား နောက် article တွေမှာ ReactJS အကြောင်း sharing လုပ်ပေးပါ့မယ်။

JavaScript Books


▪️ You dont know JS (book series) https://github.com/getify/You-Dont-Know-JS/blob/2nd-ed/README.md
▪️ Eloquent JavaScript https://eloquentjavascript.net/

▪️ ES6 for Human inbox me: nayyaung.developer@gmail.com

Subscribe