Github Student Dev Pack

Edu mail ရှိတဲ့ ကျောင်းသားတိုင်း ယူထားသင့်တဲ့ developer pack ပါ။ github ကနေ offical ပေးထားတာပါ။ အတော်လေး အကျိုးရှိပါတယ်။ ဘယ်လို ယူရမလဲ?

edu mail တစ်ခု ရှိရပါမယ်။ ကိုယ့် uni ကနေ ကိုယ့်အတွက် ထုတ်ပေးထားတဲ့ mail ပါ။ eg. minthukyaw@uit.edu.mm. mail ရှိတယ်ဆိုရင်တော့ ဒီကနေ သွားပြီးတော့ Get Your Pack လုပ်လိုက်ရင် ရပါပြီ။ ကိုယ့်ဘာသာလုပ်ပါ။

ကျွန်တော် ယူထားတဲ့ pack တစ်ချို့ ကိုပြောပြပါမယ်။

Name.com

image

name.com က domain ပါ။ domain တစ်ခုကို ကိုယ်ကြိုက်တဲ့ extension နဲ့ 1 yr free ရပါတယ်။ အပြင်မှာဆို မရှိဘူးဆိုရင်တောင် .com က ၁၄၀၀၀ လောက်ကစပါတယ်။ ကျွန်တော်ကတော့ minthukyaw.bike ဆိုပြီး .bike extension နဲ့ယူထားတာပါ။

NameCheap


image

ဒါကလဲ domain ပါပဲ။ သူက 1 yr free ssl လဲပါတယ်။ .me extension နဲ့ရမှာပါ။ ဘယ်လို ယူရမလဲ ဆိုတာတော့ ဆက်ဖတ်ကြည့်ပါ။

Canva


image

ဒါက design တွေဆွဲဖို့နေရာပါ။ free ပေးထားပေမဲ့ တချို့နေရာတွေ pro မှ ရတာမျိုးတွေအတွက် အဆင်ပြေသွားပါတယ်။ design နားမလည်သေးတဲ့ အတွက် ဒါလေးနဲ့ အဆင်ပြေပါတယ်။

.tech domain


image

ဒါကလဲ domain ပါပဲ။ .tech extension နဲ့ရမှာပါ။ email account နှစ်ခုကို 100 MB storage နဲ့ရပါတယ်။

Pro badge


image

ဒါကတော့ ဘာရယ် မဟုတ်ပါဘူး။ Github profile က pro ဆိုတဲ့ badge လေးပါ။

Frontend Master


image

ဒါကတော့ အတန်ဆုံးနဲ့ ကျွန်တော် အကြိုက်ဆုံး pack ပါ။ monthly $30+ ပေးရပါတယ်။ အဲတာကို 6 months free ရအောင်လုပ်ပေးထားတာပါ။ အထဲက course တွေက လဲ Kyle Simpson (Author of You don't know book series), Evan Yu (Creator of Vue js) သူတို့ လို ဘဲကြီးတွေပါ သင်ပေးတဲ့ အတွက် Frontend dev တွေအတွက် redeem လုပ်ကို လုပ်ထားသင့်ပါတယ်။ framework developer အဆင့်ကနေ deep dive နိုင်ဖို့ အတော်လေး ကောင်းပါတယ်။


တခြား pack တွေမှ အများကြီးပါ။ ကိုယ့်လိုအပ်ရာကို အသုံးပြုနိုင်ပါတယ်။

Subscribe