စာလေ့လာချိန် သီချင်းနားထောင်ရင်

Share

စာလုပ်ရင်းသီချင်းနားထောင်ရင် တစ်ချို့က အာရုံမရဘူးလို့ ထင်တတ်ကြတယ်။ များသောအားဖြင့် အိမ်ကမိဘတွေ ဟုတ်တယ်ဟုတ်? စာလုပ်ရင်း ဖုန်းကိုင်မိပြီဆိုရင် "နင်ကစာလုပ်ပြီဆို ဒီဖုန်းပဲကိုင်နေတယ်၊ နားကြပ်ကလည်း အမြဲတပ်ထားတယ်၊ စာလုပ်ရင် သီချင်းနားထောင်ပြီ မလုပ်နဲ့ စာထဲမှာ အာရုံမရဘူး၊ စိတ်မ၀င်စားဘူး" စသဖြင့် ဆူလေ့ရှိကြတယ်။ အဲ့ကျရင် ကိုယ်တွေကလည်းပြန်ပြောမယ်။ "ဟာ...အမေကလည်း သမီးက သင်္ချာတွက်ရင် သီချင်းနားထောင်ရင်းနဲ့မှ တွက်တတ်တာ၊ အဲ့လိုနားထောင်ပြီးတွက်ရင် ပိုပြီး စာပြီးတယ်"ဆိုပြီး ပြန်ပြောလေ့ရှိတယ်ဟုတ်? အဲ့ကျရင် ပြန်ခံပြောလို့ဆိုပြီး ကိုယ့်ဖုန်းပါ အသိမ်းခံလိုက်ရရော😂💔

အမှန်တော့ သီချင်းနားထောင်ရင်း စာလုပ်တာက တစ်ချို့နေရာအတွက်သာ ကောင်းပါတယ်။ ကျက်စာလိုမျိုး ကျက်နေတဲ့အချိန်ဆိုရင်တော့ သီချင်းနားထောင်ရင်း ကျက်တာလုံး၀မကောင်းဘူး။ အဲ့အချက်ကတော့ မလုပ်သင့်ဘူး တကယ်အာရုံလုံး၀မရပါဘူး။ ဒါပေမယ့် တွက်စာတွက်နေတဲ့အချိန်တို့၊ Assignmentရေးနေတဲ့အချိန်တို့၊ Notesတွေရေးနေတဲ့အချိန်မျိုးဆိုရင် ရေးတာနဲ့ပတ်သက်ပြီး လုပ်နေရင် တစ်ဖက်က သီချင်းနားထောင်ရင်းလုပ်တာ တကယ်ကိုeffectiveဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သောလူတွေကတော့ ဒီလိုမျိုး အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်ရတာ သဘောမကျပါဘူး။ လူငယ်အများစုကသီချင်းကြိုက်ကြတော့ စာလုပ်ရင်း သီချင်းနားထောင်တာ သူတို့အတွက် စာမြန်မြန်ပိုရတယ်၊ စာမြန်မြန်ပြီးပါတယ်။


ညီမဆိုရင်လည်း ရေးနေတဲ့အလုပ်တစ်ခုခုရှိရင် သီချင်းနားထောင်ရင်း လုပ်လေ့ရှိတယ်။ mathsလိုဟာမျိုးဆို တွက်ရတာပျင်းတဲ့ထဲမှာ ပါပါတယ်။😂 အဲ့တော့ သီချင်းနားထောင်ရင်းလုပ်လိုက်ရင် အချိန်တိုအတွင်းမှာပဲပြီးသွားတယ်။ သီချင်းနားထောင်နေရင် လူက တက်ကြွနေသလိုမျိုး ၀ုန်းဒိုင်းကြဲနေတဲ့ သီချင်းမျိုးဆို စာပိုပြီးတယ် 😂(အာ့အကောင်းပြောတာ😝) နားထောင်ရင်းစာလုပ်ဖူးတဲ့သူ ပိုသိလိမ့်မယ်။


တစ်ချို့က မနက်ခင်းစောစော စာလုပ်ရတာကြိုက်တဲ့ morning learnerတွေလည်းရှိသလို ညပိုင်းစာလုပ်ရတာ ကြိုက်တဲ့ night learnerတွေလည်း ရှိတယ်။ ညီမဆိုရင်တော့ ညပိုင်းမှ မျက်လုံးကျယ်😂 စာလုပ်ရတာကြိုက်တဲ့ night learnerပါ။ ညပိုင်းစာလုပ်ရင် ကော်ဖီတစ်ခွက်ပါမယ်။ YouTubeကနေ Night Studyအတွက် နားထောင်လို့ကောင်းမယ့်သီချင်းတွေ စုထားတဲ့playlistဖွင့်လိုက်တယ်။ ညပိုင်းဆို အသံလည်းတိတ်နေတော့ အာရုံစိုက်လို့ပိုကောင်းတယ်။ ဒါကို night learnerတွေ နားလည်ကြပါလိမ့်မယ်။


YouTubeမှာလည်း နားထောင်လို့ကောင်းတဲ့ study playlistတွေ အများကြီးရှိတယ်။ english songsတွေ kpop songsတွေ အများကြီးပဲ။ ညီမကတော့ ကိုယ့်ဘာသာdownloadလုပ်ထားတဲ့ သီချင်းတွေကို နားထောင်တယ်။ နားထောင်ရတာ ပျင်းလာရင်လည်း YouTubeပေါ်က study playlistတွေ စုထားတဲ့နေရာကိုသွားတယ်။ အရမ်းအေးအေးကြီးတွေတော့ နားမထောင်တတ်ဘူး။ အိပ်ပျော်သွားမှာဆိုလို့😴😂


မနေ့က YPYB Page မှာ စာလေ့လာတဲ့အခါ အထောက်အကူ ပြုနိုင်မယ့်နည်းလမ်း ၅ချက် တင်လိုက်တဲ့အခါ လူတော်တော်များများက နောက်ဆုံးအချက်ဖြစ်တဲ့ "စာလေ့လာချိန် သီချင်းနားထောင်ပါ" ဆိုတဲ့အချက်ကို သဘောကျနေကြတာကို တွေ့ မိလိုက်တယ်။ ကိုယ်နဲ့လည်း တော်တော်လေး ပုံစံတူတယ်ဆိုတာလည်း သတိထားမိလိုက်တယ်။ အာ့ကြောင့် ဒီစာလေး ရေးဖြစ်လိုက်တာပါ။😗

Subscribe