၂၀၁၈ မှ ၂၀၂၀

Oct 26,2020

Share

၉ တန်းကျောင်းသား


၂၀၁၈ က အကြောင်း မပြောခင် ၂၀၁၇ ကအကြောင်းလေး နဲနဲပြန်ပြောချင်ပါတယ်။ ၂၀၁၇ က ကျွန်တော် ၉ တန်း ၊ အတန်းထဲက အညံ့ဆုံးတစ်ယောက်လို့လဲ ဆိုနိုင်တယ်။ ကျောင်းပြေး game ဆိုင်သွားတယ်။ physics ကျတယ်၊ ဗီရို ထဲ ဝင်ပုန်းတယ်၊ အဲအချိန်မှာ ကျွန်တော့်အတွက်တွန်းအားတစ်ခု ဝင်လာတယ်။ မြို့နယ် က ပြိုင်နေတဲ့ ကျူရှင်နှစ်ခု ထဲက တစ်ခု မှာ ကျွန်တော်တက်တယ်။ ကျွန်တော့် ကို ကျွန်တော့်သူငယ်ချင်းလဲ ဖြစ် အပြိုင်ကျူရှင်ကလဲ ဖြစ်တဲ့ သူက ၁၀ တန်းမှာ ပြိုင်ဖို့ပြောလာတယ်။ ကျွန်တော်လဲ ကိုယ့်ကိုကိုယ် မယုံတာနဲ့ လက်မခံခဲ့ဘူး။ ကဲထားပါတော့၊ လိုရင်းက ၉ တန်းမှာ အတော်ကို အနှိမ်ခံခဲ့ရတယ်။ ၁၀ တန်းကို သေချာလေ့လာပြီးဖြေခဲ့တာကနေ ကျောင်းကောင်းမှာ တက်ခွင့်ရတယ်။ အဲမတိုင်ခင်က ကျွန်တော့်မှာ ရည်မှန်းချက်သေသေချာချာမရှိခဲ့ဘူး။ ကျောင်းပြီးနဲ့ uni မတက်ခင် ဘာလေ့လာရမှန်းလဲ မသိဘူး။ အဲတာနဲ့ ထုံးစံအတိုင်း computer သင်တန်းတစ်ခု သွားတက်။ သင်တန်းက အိမ်စာတွေပေးရင် ဆော့နေကျ game ဆိုင်မှာတစ်နာရီ ၂၀၀ နဲ့ software တွေသွင်းပြီး စာလုပ်တာပေါ့။ပြီးရင် steak on the street မှာ အလုပ်ဝင်လုပ်တယ်။ အဲကစပြီး အကုန် change သွားတယ် ။ အရင် က လူတွေနဲ့ စကားမပြောရဲတဲ့ ကျွန်တော် ၊ အခု အကုန်လုံး(နောက်ဆုံး အမူးသမားက အစ ) ပြေပြေလည်လည်ပြောတတ်လာတယ်။

UNI စတက်ရပြီ


အဲလိုနဲ့ dec ရောက်လာတော့ uni စတက်ရပြီ။ ငယ်ငယ်ထဲက နည်းပညာနဲ့ ဝေးခဲ့တာ၊ ဘယ်လောက်ဝေးသလဲဆိုရင် ဖုန်းဆိုတာကို ၁၀ တန်းပြီးမှပဲ သေသေချာချာ ကိုင်ခဲ့ရတယ်။ laptop ဆို ဝေးပေါ့။ ကိုယ့်လက်ထဲ laptop စစရောက်လာတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ။ microsoft software ကနေလွဲပြီး ကျန်တာ မသုံးတတ်။ အဲနေ့တွေမှာပဲ facebook acc hack ဘာညာဆိုတဲ့ အဖွဲ့တွေထဲ လျှောက်ဝင်။ termux တွေဖွင့် စာလုံး စိမ်းစိမ်းလေးတွေရိုက် ဟုတ်လှပြီထင်နေတာ။ ပြီးမှ ဆရာ တစ်ယောက်က web programming သင်ပေးမယ်ဆိုလို့ gp တစ်ခု join လိုက်တယ်။ အဲကနေ html css basic ရသွားတယ်။ ဆက်လေ့လာချင်လို့ american center library ကိုသွား web programming နဲ့ ဆိုင်တဲ့ စာအုပ်တွေငှားဖတ် ။ online ပေါ်မှာ resources တွေ ရှိမှန်းလဲ မသိဘူး :3။ တစ်ပတ်တစ်ပတ် သွားလိုက်ပြန်လိုက်နဲ့ပဲ အချိန်တွေတော်တော်ကုန်။

Myanmar Links


ဒီတိုင်းသွားနေရင်း အချိန်တွေပဲ ကုန်ပြီး လိုရာမရောက်လို့ သင်တန်း တက်ဖြစ်ခဲ့တယ်။ အဲကနေမှ ကိုယ်သွားရမဲ့ ပုံစံတွေရော၊ ဘယ်လို သွားရမလဲ ဆိုတာ တွေကို သေသေချာချာ သိခွင့်ရခဲ့တယ်။အဲကနေမှ project တွေစရေးပြီးလေ့လာခဲ့တယ်၊ ကျွန်တော်လေ့လာတဲ့ ပုံစံကို က အဲလိုလေး ဖန်တီးချင်တယ် ၊ pj တစ်ခု စတည်တယ်။ ရအောင်လုပ်တယ် ။ အဲကနေမှ ကိုယ်မသိတာတွေကို ပိုသိလာတယ်။ pj တစ်ခု ပြီးလေ အသိ ပိုတိုးလေပေါ့။

First step with Vue


js နဲ့ project နှစ်ခု ရေးပြီးသွားတော့ vue js ကို ဆက်လေ့လာတယ်၊ (တကယ် က js ကို ဘာမှ မသိသေး ၊ အခုစာရေးနေတဲ့ အချိန်တော့ သိသင့်သလောက် သိနေပါပြီ :3) react ထက်စာရင်လေ့လာရတာ လွယ်တယ်ဆိုပြီး ချတာ။ vue နဲ့ ပထမဆုံးရေးတာက weather forecast web app လေး။ အဲကနေ confidence က မြင့်လာ။ နောက်တစ်ခု ရေးဖြစ်တာက joint ဆိုတဲ့ blog post သေးသေးလေး ။ အဲမှာ freelancer ဖြစ်ဖို့ ဇာတ်လမ်းကစလာပြီး။

Mobile app for web designer


ကျွန်တော့် ဆရာ တစ်ယောက်ကနေ OMI ဆိုတဲ့ အဖွဲ့ အစည်းတစ်ခု နဲ့ ချိတ်မိပြီး သူတို့ လိုချင်တဲ့ app ပုံစံလေးက စာဖတ်လို့ရမဲ့ နေရာလေး လုပ်ချင်တာ ။ ကျွန်တော်ရေးထားတာနဲ့ အဆင်ပြေတာပေါ့။ သူတို့ က native application လိုချင်တာ။ ကျွန်တော် က pwa ထုတ်ပြီး ပေးမယ်ဆိုပြီး project လက်ခံ လိုက်တယ် 🤫။ “ အချိန်ဘယ်လောက်ယူမလဲ “ “၁ လ” ။ ဒီတိုင်း routing လေးတွေပေးပြီးသွားရတာဖြစ်တဲ့ အတွက် အပန်းမကြီးခဲ့ဘူး။ pj ပြီးပြီ google play store upload တော့မယ်ဆိုတော့ တိုင်တွေစပတ်ရော ။ ps မှာက app bundle or apk ကို upload ပေးရတယ် ။ pwa ကို apk ဘယ်လိုထုတ်ရမလဲ မသိ။ pwa to apk service တွေ လိုက်သုံးတာလဲ အဆင်မပြေ။ အဲတာနဲ့ web ကို app web view နဲ့ warp လုပ်ပြီး ပေးမယ်ပေါ့။ ပြသနာ က mobile back button click ရင် web view က web routing ကို အလုပ်မလုပ်ဘဲ app က ပြန်ပြန်ထွက်သွားတာ ( နည်းလမ်းတော့ရှိလောက်မှာပါ ကျွန်တော် မစမ်းဖြစ်ခဲ့ဘူး ) အဲအချိန်က လဲ myanmar links မှာ php လေ့လာနေတာပေါ့

pwa ကြီး ထုတ်ပေးခဲ့စဥ်😂

image

COVID SAVE ME 😐

အဲလိုနဲ့ covid စဖြစ်ရော client ရဲ့ အလုပ်တွေလဲ အကုန်ရပ်ဆိုတော့ ကျွန်တော့် အတွက် အခွင့်ကောင်းပဲ။ သူငယ်ချင်းတစ်ယောက်က react native နဲ့ ရေးပြီး ကူညီပေးခဲ့တယ်။ ကျွန်တော် code read တဲ့ အခါ တစ်ချို့ ဟာတွေနားလည်ပေမဲ့ react ကို မလေ့လာထားတော့ နားမလည်ဘူး။ client ကို ပေးလို့ရပေမဲ့ confidence ကပျောက်ဆုံး ။covid first wave ပြီးလို့ client meeting ဆိုရင် အလိုလိုလန့်နေတာ။ အဲလို နဲ့ မဖြစ်သေးဘူးဆိုပြီး flutter for web developer ဆိုပြီး သွားတွေ့တယ် ။ flutter က web ဘက်က လူတွေအတွက် ချဥ်းကပ်ရတာ တော်တော်လွယ်တယ်။ flutter မသွားခင် dart ကို သိရမှာ ဖြစ်လို့ ၂ ပတ်လောက် dart ကို လေ့လာခဲ့တယ်။ PHP OOP concept တွေရယ် ။ ကျောင်းက သင်တဲ့ C++OOP တွေကြောင့် dart ကို approach လုပ်ရတာ သိပ် မခဲယဥ်းဘူး။ dart ကို အတော် အသင့်ရလာပြီး Tr. Angela Yu ရဲ့ introduct to flutter development ( course title သိပ်မမှတ်မိ) နဲ့ flutter basic ရသွားတယ် ။ အဲတုန်းက free course အခုတော့ 10$ လို့ပြောတယ်။ အဲကနေ app တစ်ခု ထွက်အောင်ရေးနိုင်ခဲ့တယ်။ စိတ်တိုင်းတော့ မကျသေးပါဘူး။ ပြန်ပြင်ရေးဦးပါမယ်။ ( အခု တော့ user 5000+ ရနေပါပြီ ) ဒီ link မှာ down နိုင်ပါတယ်။

Download here!

2018 vs 2020 ?

စာဘာလို့ ရေးတာလဲ ? မနေ့က သူငယ်ချင်းတစ်ယောက် myday က 2016 vs 2020 မှာ တိုးတက်လာတယ်လို့ မြင်လား ဆိုတော့ သေချာ မသုံးသပ်ဘဲ NO လို့ ဖြေခဲ့မိတာပါ။ အိပ်ခါနီး ပြန် သုံး သပ်ကြည့်တော့မှ ၂၀၁၈ က ထက် စာရင်တော့ အနည်းငယ် တိုးတက်လာပါတယ် ။ အခုတော့ ကျွန်တော့် အဖြေက YES ပါ။ 😁

Subscribe